Pages

Showing posts with label သတင်. Show all posts
Showing posts with label သတင်. Show all posts

Monday, September 9, 2013

ရေ၊မီး၊ဆီ အလကားပေးသုံးတဲ့ မြို့ 


 Ashgabat လို့အမည်ရတဲ့ မြို့ ပါ။ သူကို Paradise လို့တောင် တင်စား ခေါ်ဝေါ် ကြပါတယ်။

အရှေ့ အလယ်ပိုင်း က တာ့ခ်မင်နစ္စတန် အမည်ရ နိုင်ငံရဲ့ မြို့ တော်ဖြစ်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုက နေခွဲထွက်ပြီး သီးသန့် တည်ထောင် ထားတဲ့နိုင်ငံကပါ။ နိုင်ငံကသေးပါတယ်။ သတ္တုတူးဖော်မှုကို အဓိကပြု လုပ်ပြီး စိုက်ပျိုးရေးလည်း အသင့်တင့် ထွန်းကားတဲ့ နိုင်ငံ ဖြစ် ပါတယ်။

ယင်းနိုင်ငံရဲ့  မြို့ တော်က Ashgabat ဖြစ်ပြီး ကမ္ဘာ့အလှဆုံး၊ နေချင်စရာအကောင်းဆုံး မြို့ စာရင်းထဲမှာ ပါ ဝင်ပါတယ်။ သူက မြို့ နေပြည်သူတို့ရဲ့ အခြေခံလိုအပ်ချက်တွေကို အခမဲ့ထောက်ပံ့ပေးထားလို့ပါ။ ရေဖိုး၊ မော်တော်ယာဉ် ဆီဖိုး၊ လျှပ်စစ်ဖိုး တို့က အခမဲ့ပဲဖြစ်ပါတယ်။ တစ်ဦးချင်းအတွက် ကောက်ခံတဲ့ အခွန်ထဲမှာ ယင်းအတွက် အားလုံးပါဝင် ပြီးသားမို့ ဖြစ်ပါတယ်။ အခွန်ကလည်း မများပါဘူး။ ယင်းမြို့ မှာနေထိုင်သူများ ကလည်း ချမ်းသာကြပါတယ်။ လူဦးရေ ၁ သန်းကျော်ပဲ ရှိတဲ့မြို့  ဖြစ် ပါတယ်။

ဒါကြောင့်လည်း အားလုံးနီးပါးကို အခမဲ့ ပေးထားပါတယ်။ ရေ၊ဆီ၊ မီးတို့ကို အခမဲ့ ပေးခြင်းအပြင် အခြား ကုန်ပစ္စည်းနဲ့ လိုအပ်ချက် များမှာ လည်း ဈေး အင်မတန် သက်သာကြောင်း သိရပါတယ်။
.
Ref: dyknow
Aung Kham (International news for myanmar)

Friday, August 23, 2013

ကင်တားနားရဲ့ ကချင်ပြည်နယ် အခြေနေပေါ် ပြောပြချက်

  In my visit to Kachin State, I met state authorities and the KIO technical team that had recently opened an office in Myitkyina, where I discussed ongoing human rights and humanitarian concerns. I received further information about the seven-point agreement signed by the government and the KIO on 30 May 2013, which I welcome, and I was encouraged by the inclusion of an agreement to undertake relief, rehabilitation and resettlement of internally displaced persons. However, there remains a serious challenge regarding the implementation of this provision. I learnt that UN humanitarian agencies had only been provided with access to non-government controlled areas once between July 2012 and July 2013. The information I have received about these areas is extremely concerning, particularly with regard to food security. I also attempted to visit Laiza during this mission, but unfortunately the state and central government were unable to grant clear permission. This pattern of denying access not only to address humanitarian shortcomings, but also serious human rights concerns, needs to change immediately.
Over the years there have been serious allegations of human rights abuses against villagers from Kachin, though I believe these have reduced following progress with ceasefire negotiations. However, some clashes continue to occur in Northern Shan State. What is also concerning is the information I received about the lack of consultation with internally displaced communities on their return. Any initiative to return IDPs to their places of origin has to be done with the free, prior and informed consent of the ethnic communities concerned, and also involve consultation with humanitarian agencies working in the State, including UN agencies.
In Myitkyina, I went to Jamai Kawng IDP camp and met with Buang Shawng, who I had met in detention during my previous visit and who had been recently released. As well as welcoming his individual release, I hope this will be a sign that the Government will stop the practice of detaining people for their alleged association with non-state armed groups.

I also met with members of the large Shan community living there, and listened to how they had been affected by the ongoing conflict. It is vital that the ceasefire and political negotiations in Kachin State also address the concerns of this group.

ကင်တားနား
 
Credit..Ah Phu

မွန်ပြည်နယ်တွင် အသေးစား အလတ်စားစက်မှုလုပ်ငန်းများ ထိုင်း-မြန်မာ ပူးတွဲလုပ်ကိုင်မည်

မွန်ပြည်နယ်၌ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ထိုင်းနိုင်ငံတာခ်ခရိုင်မှ စီးပွားရေး လုပ်ငန်းရှင်များအသင်းနှင့် မွန်ပြည်နယ်စက်မှုလက်မှုနှင့် ကုန်သည်ကြီးများ အသင်းတို့ သြဂုတ် ၂၁ ရက်တွင် နားလည်မှု စာချွန်လွှာ (MoU)ကို ရေးထိုးခဲ့ကြောင်း မွန်ပြည်နယ် စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးလှရှိန်က မဇ္ဈိမ သတင်းစာသို့ ပြောသည်။

မော်လမြိုင်မြို့Strand ဟိုတယ်တွင် သြဂုတ်၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပသည့် ထိုင်းနှင့် မြန်မာနိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းကုန်သွယ်ရေးပွဲတော်တွင် ယင်းကဲ့သို့ သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

  အဆိုပါအသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများတွင် စားသောက်ကုန် လုပ်ငန်းများ၊ ၀န်ဆောင်မှု လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ သားရေကွင်းလုပ်ငန်း၊ ကော်ပစ္စည်းလုပ်ငန်းနှင့် ဖိနပ်လုပ်ငန်းတို့ ပါ ၀င်ပြီး၊မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက္ခမီနှင့် ကျိုက်ထိုမြို့နယ်တို့တွင် အဓိကတည်ထောင်ရန် ရည်ရွယ် ထားကြောင်း ဦးလှရှိန်က ရှင်းပြသည်။

“စက်ဘီးစက်ရုံနဲ့ မော်တော်ဆိုင်ကယ် စက်ရုံတွေအထိ တည်ထောင်နိုင်ဖို့ ရည်ရွယ်ထားတယ်။ မကြာခင် မှာပဲ လုပ်ငန်းဆိုင်ရာ စီမံချက်တွေကို ရေးဆွဲမှာပါ”ဟု ၎င်းက ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံ တာခ်ခရိုင် စီးပွားရေး လုပ်ငန်းရှင်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့သည် အများပိုင် ကုမ္ပဏီကို ထူထောင်ပြီး အဆိုပါလုပ်ငန်းများကို ပူးတွဲလုပ်ကိုင်မည်ဖြစ်ကြောင်း၊ ယင်းအသင်းနှစ်သင်း၏ ဒေ သများမှ ထွက်ရှိသော ထုတ်ကုန်များကို ရောင်းဝယ်နိုင်ရန်အတွက် ဆက်လက်ညှိနှိုင်း ဆောင်ရွက်ရန် အချက်များလည်း ပါဝင်ကြောင်း ဦးလှရှိန်က ဆက်ပြောသည်။

မွန်ပြည်နယ် စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်းမှ စီးပွားရေးလုပ်ငန်းရှင် အယောက် ၃၀ ကျော် ခန့် လည်း ထိုင်းနိုင်ငံ၊ မဲဆောက်နှင့် ဘန်ကောက်မြို့များသို့လည်း သွားရောက်လေ့လာကြဖို့ရှိကြောင်း ဦးလှရှိန် က ပြောသည်။

 Ref..mizzima

Friday, August 16, 2013

စစ်တပ်ကမြေသိမ်းသည့်ကိစ္စ လွှတ်တော်တွင် ပြောဆိုစဉ် တားမြစ်ခံရ



ပြည်ထောင်စုလွှတ်တော်တွင် စစ်တပ်ကမြေသိမ်းသဖြင့် ပြည်သူများ နစ်နာနေရကြောင်း ရခိုင်တိုင်းရင်း သား အမတ်တစ်ဦးက သြဂုတ် ၁၅ ရက်က ဆွေးနွေးနေစဉ် စစ်သားအမတ်တစ်ဦးက ထကန့် ကွက်လိုက် သဖြင့် စစ်တပ်နှင့် ပတ်သက်၍ ထပ်မပြောရန် လွှတ်တော်နာယက ဦးရွှေမန်းက တားမြစ် လိုက်သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူ မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဦးဘရှိန်က ၎င်းတို့ပြည်နယ်ရှိ သံတွဲမြို့နယ် ဆီး ဖြူကုန်း ရွာတွင် လယ် ၃၅ဧကကျော်ကို ခလရ-၅၅ တပ်ရင်းက သိမ်းဆည်းခဲ့ကာ ပိုင်ရှင်များကိုလျော်ကြေး တစ်ဧက တစ်သိန်းသာပေးပြီး စစ်တပ်ကမူ တစ်ဧကသိန်း ၆၀ မှ ၇၀ အထိယူကာ ပြန်ငှားထားသော ကြောင့် မူလပိုင်ရှင်များ နစ်နာနေရသည်ဟု ဆွေးနွေးနေစဉ် တားမြစ်ခံရခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်သို့ ယခုလ ၁၃ ရက်က တင်ပြထားသော လယ်မြေနှင့်အခြားမြေများ စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ အပိုင်း ၃နှင့် ပတ်သက်ပြီး ဆွေးနွေးရန် အမတ်၂၅ ဦးက စာရင်းပေးထားသည်။ ယင်းသို့ စာရင်းပေးထားသည့် အမတ်များအနက် တစ်ဦးဖြစ်သည့်ဦးဘရှိန်က ဆွေးနွေးသည်ကို ဗိုလ်မှူးချုပ် အဆင့်ရှိ စစ်သားအမတ်တစ်ဦးက ယခုဆွေးနွေးနေသည့် မြေသိမ်းအစီရင်ခံစာမှာ တပ်နှင့် မသက်ဆိုင်ဘဲ စိုက်ပျိုးမွေးမြူရေးအတွက် သိမ်းသည့်မြေနှင့် အစိုးရစီမံကိန်းများအတွက် သိမ်းသည့်မြေများကိစ္စ သာဖြစ် သဖြင့် စစ်တပ်ကို ဝေဖန်နေမည်ဆိုပါက ပြည်သူများ အထင်လွဲနိုင်သဖြင့် ရပ်တန့်ပေးရန် ကန့်ကွက် ကြောင်း လွှတ်တော်တွင် ပြောသည်။

ကန့်ကွက်သည့် စစ်သားအမတ်၏ အမည်မှာမူ ၎င်းကိုယ်တိုင် လွှတ်တော်တွင် ထ၍ကန့်ကွက်စဉ် ပြော ဆိုခဲ့ခြင်း မရှိသလို ကန့်ကွက်ခံရသည့် အမတ်ဦးဘရှိန်ကို မဇ္ဈိမကမေးမြန်းရာတွင်လည်း သူမသိကြောင်း ပြောသည်။ စစ်သားအမတ်၏ ကန့်ကွက်မှုနှင့်ပတ်သက်၍ ဦးဘရှိန်က “ကလေးစကားနဲ့ ပြောရရင် အနာ ပေါ် တုတ်ကျတဲ့ သဘောပေါ့” ဟု မှတ်ချက်ပြုသည်။

ဦးရွှေမန်းက ကျောက်ဖြူအမတ် ဦးဘရှိန်ကို စစ်တပ်နှင့်ပတ်သက်ပြီး ဆွေးနွေးမှုကို ရပ်တန့်ရန် ပြောဆိုခဲ့ သလို “တစ်ဖက်ကလည်း တောင်သူလယ်သမားများ နစ်နာမှုမရှိစေရေးဆိုသလိုပဲ ဟိုတစ်ချိန် ဟိုတစ်ခါက တာဝန်ခံဆောင်ရွက်ခဲ့တဲ့ ပုဂ်္ဂိုလ်များ မနစ်နာစေရေးအတွက်လည်း ကြည့်ရမှာဖြစ်ပါတယ်။ ဟိုတစ်ချိန် ဟို တစ်ခါမှာ လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်များဟာလည်း ဟိုတစ်ချိန် ဟိုတစ်ခါမှာရှိခဲ့တဲ့ အမိန့်တွေ ညွှန်ကြားချက်တွေအရ လုပ်ခဲ့တာဖြစ်ပါတယ်”ဟု လွှတ်တော်တွင် ပြောကြားခဲ့သေးသည်။

ထို့ပြင် ဦးရွှေမန်းက ၎င်းသည် ၁၉၉၇ ခုနှစ်နောက်ပိုင်း၌ ဖြစ်ပျက်ခဲ့သည့် ယခင် စစ်အစိုးရလက်ထက်က အဖြစ်အပျက်များကို ၇၅ ရာခိုင်နှုန်းအထိပင် သိရှိကြောင်းလည်း ဆက်ပြောခဲ့ကာ “ဟိုတစ်ချိန် ဟိုတစ်ခါ တုန်းက လူကြီးခေါင်းဆောင်ရဲ့ စေတနာ၊ ရည်ရွယ်ချက်၊ ဒါတွေကိုလည်း ကျွန်တော်သိပါတယ်။ ဒါပေမဲ့ အဲဒီ့အချိန် အဲဒီအခါက အကောင်အထည်ဖော်ခဲ့တဲ့ လူတွေရဲ့ စေတနာကိုလည်း အတော်အတန် ကျွန် တော်သိခဲ့တယ်။ အဲဒီနေရာမှာ လွဲတာတွေ၊ လိုတာတွေ မှားတာတွေ ရှိနိုင်ခဲ့ပါတယ်”ဟုလည်း သူက ဆက်ပြောခဲ့သည်။

ယခုအချိန်တွင် ထိုကိစ္စများကို အပြစ်တင်နေမည့်အစား ပြန်လည်ပြင်ဆင်ရန် နည်းလမ်းကိုသာ ကြံဆသင့် သည်ဟု ဦးရွှေမန်းက အမတ်များကို ပြောကြားခဲ့သည်။ ထို့အတူ မြေသိမ်းသူများသည် အချိန်မီပြန်ပေးပါ က ယခုလို ဝေဖန်မှုများ ရှိလာမည်မဟုတ်ကြောင်းလည်း ထောက်ပြခဲ့သေးသည်။

မြေပုံမဲဆန္ဒနယ်မှ အမတ်ဦးဖေသန်းကမူ ယင်းကဲ့သို့ လွှတ်တော်တွင် စစ်တပ်နှင့် ပတ်သက်၍ ဆွေးနွေး မှုကို စစ်သားအမတ်က ကန့်ကွက်ခြင်းသည် “သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိတယ်ဆိုပြီး မခံနိုင်ဖြစ်တာပေါ့။ မိဘတွေ လုပ်ခဲ့တဲ့ ကောင်းမွေ၊ ဆိုးမွေကို သားသမီးတွေက ခံရမှာပဲလေ”ဟု ဝေဖန် ပြောဆိုသည်။

စစ်သားအမတ်တစ်ဦးက စစ်တပ်က မြေသိမ်းသည့်ကိစ္စကို အရပ်သားအမတ်က ပြောဆိုစဉ် ယခုလို ကန့် ကွက်သော်လည်း ပြီးခဲ့သည့် ဇူလိုင်အတွင်းက ပြည်ထောင်စု လွှတ်တော်တွင် ဆက်သွယ်ရေး ဥပဒေကို တစ်ပိုဒ်ချင်းစီ အတည်ပြုနေစဉ် လွှတ်တော်နာယကက ဥပဒေကို သဘောတူ/မတူမေးသည်ကို စစ်သား အမတ်များက ပြန်မဖြေကြသောကြောင့် လွှတ်တော်ပြင်ပသို့ ထွက်ခွာရန်ပင် အမိန့်ချနိုင်ကြောင်း ထိုစဉ်က နာယက ဦးခင်အောင်မြင့်က သတိပေးခဲ့ရဖူးသည်။

မြန်မာနိုင်ငံ အနှံ့အပြားတွင် စစ်တပ်က သိမ်းဆည်းထားသည့် မြေပမာဏမှာ ဧက ၂၉၇,၀၀၀ ကျော်ရှိ သည်ဟု ဇူလိုင် ၁၆ ရက်က လွှတ်တော်တွင် ကာကွယ်ရေးဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးဝေလွင်က ပြောကြားခဲ့ သည်။

သို့သော် ထိုသို့ သိမ်းဆည်းထားသည့် မြေများအနက်မှ ၁၆ ပုံတစ်ပုံဖြစ်သည့် ဧက ၁၈,၃၀၀ ကျော်ကိုသာ ပြည်သူ့ထံ ပြန်ပေးနိုင်မည်ဟု ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးဝေလွင်က လွှတ်တော်အမတ်များကို ပြောကြားခဲ့သည်။

Ref....mizzima

MAI လေယာဉ်ပေါ် မူးယစ်ရမ်းကားသူကို ဒဏ်ငွေ ကျပ် ၅၀ အမိန့်ချ



စင်ကာပူနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းလာသည့် MAI လေယာဉ်ပေါ်တွင် သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်က အရက်မူးကာ မူးယစ်ရမ်းကားသူ အသက် ၃၀ အရွယ် အမျိုးသားကို လေဆိပ်ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ပြီး သြဂုတ် လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ် တရားရုံးက ဒဏ်ငွေ ကျပ် ၅၀ ဖြင့် အမိန့်ချမှတ်ခဲ့ကြောင်း မင်္ဂလာဒုံ ရဲစခန်းထံမှ စုံ စမ်းသိရှိရသည်။...

၎င်းကို မင်္ဂလာဒုံမြို့နယ်ရဲစခန်းက မူးယစ်ရမ်းကားမှု၊ ရဲအက်ဥပဒေ ပုဒ်မ- ၄၁/၁၄ ဖြင့် အမှုဖွင့်ကာ သြဂုတ်လ ၁၅ ရက်နေ့ နံနက် ပိုင်းတွင် မင်္ဂလာဒုံ တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ထောက်ဒဏ်ရှစ်ရက် သို့မဟုတ် ဒဏ်ငွေကျပ် ၅၀ ပေး ဆောင်ရန် အမိန့်ချမှတ်ခဲ့ရာ ပြစ်မှု ကျူးလွန်သူက ဒဏ်ငွေကျပ် ၅၀ ပေးဆောင်ခဲ့ကြောင်း အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦး၏ ပြော ကြားချက်အရ သိရ သည်။

“ထက်ထက်မိုးဦး ပါးရိုက်တဲ့ အမှုမှာ တရားရုံးမှာ ဒဏ်ငွေ တစ်ထောင်ပဲ ဆောင်ခဲ့ရကတည်းက ဥပဒေမှာပါတဲ့ ဒဏ်ငွေတွေကို ပြန် ပြင်သင့်နေတာ။ ဒီလိုဒဏ်ငွေမျိုးနဲ့ ရိုက်မှတော့ ဘယ်တရားခံကမှ နောင်ကြဉ်မှာ မဟုတ်ဘူး။ ရှေ့နေချုပ်တွေအနေနဲ ဒီလို့ ခေတ်နဲ့ မလျော်ညီတော့တဲ့ ဒဏ်ငွေတွေကို ပြင်သင့်တာ ကြာနေပါပြီ” ဟု တရားလွတ်တော်ရှေ့နေ ဦးကျော်ဟိုးက The Voice သို့ ပြောကြားသည်။

စင်ကာပူနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်းလာသည့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ခရီး စဉ်ဖြင့် စီးနင်းလိုက်ပါလာသူ အသက် ၃၀ နှစ်အရွယ် ဦးကျော်ဝင်းစိန်က လေယာဉ်ပေါ်တွင် အမှုထမ်း အမျိုးသမီးနှစ်ဦးထံ ဝိုင်အ ရက်မှာယူရာ အရက်မူးနေသဖြင့် မပေးနိုင်သည်ကို ရန်ပြုကာ စီးနင်းလာသည့် ခရီးသည်များကို စိတ်အနှောင့်အယှက် ဖြစ်စေ ခဲ့သဖြင့် အဆိုပါ အမျိုးသားကို မူးယစ်ရမ်းကား နှောင့်ယှက်မှုဖြင့် အရေးယူထားကြောင်း ရန်ကုန်လေဆိပ် အထူးတာဝန်တပ်ဖွဲ့ခွဲမှ ရဲအုပ်နေယုက The Voice သို့ ပြောကြားသည်။ 

“လေယာဉ်မယ်တွေက ဝိုင်နဲ့ဧည့်ခံနေတဲ့ အချိန်မှာ ဝိုင်ထပ်တောင်းတာကို မပေးလို့ ထိုင်ခုံကို လက်သီးနဲ့ ထိုးတယ်။ မပေး ဘူးဆိုတာကလည်း သူအရမ်းမူးနေလို့ပါ။ သူ့ကို လေယာဉ်လုံခြုံရေးတွေက ထိန်းသိမ်းပြီး လေယာဉ်မြေပြင် ဆင်းခါနီးမှာ ခါး ပတ်ပတ်ဖို့ ပြောတာကို မလိုက်နာဘူး။ ဒါကြောင့် ခရီးသွားတွေကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အတွက် အရေးယူရတာပါ” ဟု ရန်ကုန်လေဆိပ် ရဲတပ်ဖွဲ့ရုံးမှ ရဲမှူးအောင်စိုးထွန်းက ပြောကြားသည်။

လှိုင်သာယာမြို့နယ် (၉) ရပ်ကွက် မကွေးလမ်း နေထိုင်သူ ဦးကျော်ဝင်းစိန်သည် စင်ကာပူနိုင်ငံရှိ PSA ကုမ္ပဏီ၏ ဝန်ထမ်း တစ်ဦး အဖြစ် အလုပ်လုပ်ကိုင်ကာ မြန်မာနိုင်ငံသို့ သူငယ်ချင်းနှစ်ဦးနှင့် အတူ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ကြောင်း မင်္ဂလာဒုံ ရဲစခန်း ထံမှ သိရှိရသည်။
 
Ref...The Voice Weekly 

ချင်းနှင့် ကချင်ဒေသရှိ မဖွံ့ဖြိုးသေးသည့် ဒေသများသို့ လှူဒါန်းမည့် ကမ္ဘာကျော် Air Supply အဖွဲ့ဖျော်ဖြေ



ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ မဖွံ့ဖြိုးသေးသော ဒေသများရှိ ကျောင်းနေအရွယ် ကလေးများ၏ ပညာရေး အလှူအတွက် ရည်ရွယ်ကျင်းပသော Air Supply အဖွဲ့၏ ဖျော်ဖြေမှုကို သြဂုတ်လ ၁၅ ရက် က မရမ်းကုန်းမြို့နယ် ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ ( MCC )တွင် ည ၇ နာရီ ၃၀ မိနစ်မှ စတင်ကာ ကျင်းပခဲ့သည်။

ယင်းအဖွဲ့၏ ဖျော်ဖြေမှုမတိုင်မီတွင် မြန်မာနိုင်ငံ၏ ထိပ်သီးတီးဝိုင်းဖြစ်ပြီး လက်ရှိ Bagan Entertainment နှင့် တွဲဖက်လုပ်ကိုင် လျက်ရှိသော Iron Cross တီးဝိုင်းနှင့်အတူ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း တို့က ပရိသတ်များအား ဦးစွာ တင်ဆက်ခဲ့ကြသည်။“ဒီ ပွဲက သူတို့ (Air Supply) ပွဲပါ။ ကျွန်တော်တို့က ပါဝင်အားဖြည့်ပေးတဲ့ သဘောပါ”ဟု အဆိုတော် မျိုးကြီးက ဆိုသည်။ ယင်းဖျော် ဖြေပွဲ၏ လက်မှတ်များကို ကျပ်ငါးသောင်းခွဲ၊ ငါးသောင်း၊ သုံးသောင်း၊ နှစ်သောင်းခွဲနှင့် နှစ်သောင်း အသီးသီးသတ်မှတ်ထားပြီး ရရှိ သောငွေများကို ပညာရေးအတွက်လှူဒါန်းမည်ဖြစ်ကြောင်း စီစဉ်သူ ကိုညီညီက ဆိုသည်။

“ဒီကပရိသတ်တွေလည်း နိုင်ငံတကာပွဲတွေ ကြည့်လို့ရအောင်ရယ်၊ ရရှိတဲ့ငွေတွေလည်း အကျိုးရှိအောင် ကျောင်းမနေရသေးတဲ့ ချင်းနဲ့ကချင်တောင်တန်းအချို့ကလေးတွေရဲ့ ပညာရေးအတွက် အသုံးပြု သွားမှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ဖျော်ဖြေပွဲတွင် Air Supply အဖွဲ့မှ အဆိုတော် Russell Hitchcock က တီးဝိုင်းအဖွဲ့သားများနှင့်အတူ မြန်မာ ပရိသတ်အတွင်း ကျော်ကြားသည့် တေးသီချင်းများအပါအ၀င် တေးသီချင်းများစွာဖြင့် သီဆိုဖျော်ဖြေခဲ့သည်။ ယခု Air Supply အဖွဲ့၏ ဖျော်ဖြေပွဲကို Bagan Entertainment မှ စီစဉ်ခြင်းဖြစ်ပြီး ၎င်းတို့၏ ပထမဆုံးအကြိမ် ကျင်းပသည့် နိုင်ငံတကာဖျော်ဖြေပွဲလည်း ဖြစ်သည်။
 
Ref....mizzima