Pages

Monday, September 2, 2013

ပုဂံ အဆန် အမြန်ရထား လမ်းချော်

 
 ပုဂံ မှမန္တလေးသို့ ထွက်ခွာလာသော ပုဂံအဆန်အမြန်ရထား ၁၁၉သည် မြို့သာမြို့နှင့် ပြည်သာယာဘူတာ ကြားတွင် ဩဂုတ်၂၈ရက် နေ့ လယ်ပိုင်းက လမ်းချော်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

လမ်းချော်မှုဖြစ်ပွားရခြင်း မှာ ဘရိတ်တွဲ လမ်းချော်ခြင်းဖြစ် ပြီး ခရီးသည်ထိခိုက်မှုမရှိဘဲ ညပိုင်းတွင် မန္တလေးမြို့သို့ဆက်လက် ထွက်ခွာသွားသည်။ အဆိုပါလမ်း ချော်မှုသည် ဩဂုတ်လအတွင်း ဒုတိယအကြိမ်မြောက် လမ်းချော် ခြင်းဖြစ်ကြောင်း သိရသည်။

ပုဂံ-မန္တလေးလမ်းပိုင်းကို သံ လမ်း၊ မီးရထားလမ်းသုံးကျောက် နှင့် ကွန်ကရစ်ဇလီဖားတုံးများ လဲလှယ်ပြီးနောက်ပိုင်းတွင် လမ်း ချော်မှုမရှိသလောက် နည်းပါးသွား ပြီး သွားလာမှုအဆင်ပြေနေခဲ့ရာ မှ ယခုအခါ မြို့သာတစ်ဝိုက်တွင် လမ်းချော်မှု များလာခြင်းဖြစ် ကြောင်း သိရသည်။

Ref...Yangon Media Group

0 comments:

Post a Comment