Pages

Friday, September 27, 2013

ကျောင်းသားငယ်ကို လိင်တူ ဆက်ဆံရန် ဖျားယောင်းသည်ဟု ပြည်မြို့ နယ်မှ ကျောင်းဆရာ စွပ်စွဲခံရ


 ပြည်မြို့၊ ၀က်ထီးကန်တိုက်နယ် အခြေခံပညာမူလတန်းကျောင်းတစ်ကျောင်းမှ ကျောင်းဆရာတစ်ဦးသည် ကိုးနှစ်အရွယ် စတုတ်္ထတန်းကျောင်းသားတစ်ဦးကို လိင်တူဆက်ဆံရန် ဖျားယောင်းသည်ဟု စွပ်စွဲကာ ကျောင်းသား မိဘများက မြို့နယ်ပညာရေးမှူးရုံးသို့တိုင်ကြားထားသည်။

“ကျောင်းသားမိဘနဲ့ ကျောင်းကော်မတီဝင်တွေ လာကြတယ်။ ရုံးအနေနဲ့ ခံဝန်လက်မှတ်ထိုးပေးထားတဲ့ အစီအစဉ် လောက်နဲ့ မကျေနပ်နိုင်ဘူး။ ဆရာကြီးကို ဒီကျောင်းက ပြောင်းပေးဖို့ပါ နှုတ်နဲ့ တိုင်သွားတယ်”ဟု အဆိုပါ အခြေခံ မူလတန်းကျောင်း၏ ကျောင်းအုပ်ကြီးက မဇ်္ဈိမကို ပြောသည်။

တိုင်ကြားခံရသူ ကျောင်းဆရာမှာ ၀န်ထမ်းလုပ်သက်၂၂ နှစ်ရှိပြီဖြစ်သည်။ ကျောင်းဆရာနှင့် ကျောင်းသား တို့ ကျောင်းအိမ်သာအတွင်းအတူ ရှိနေသည်ဟု စွပ်စွဲကာ ကျောင်းသားမိဘများ က တိုင်ကြားကြခြင်း ဖြစ်သည်။ ““ဘောင်းဘီ ၀တ်ထားရင် ဘောင်းဘီမျှော့ကြိုးကို ဖြည်ပြီး ဆရာကြီးက အတင်းနှိုက်တဲ့ အ ကြောင်း ကလေးက ပြောတယ်။ ကလေးက မေးလို့ မရဘူး။ ငိုဘဲငိုနေတယ်” ဟု ကျောင်းသား မိဘက ပြောသည်။

ကျောင်းသားမိဘများ၏ တိုင်ကြားမှုနှင့်ပတ်သက်၍ ပြည်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးနိုင်အောင် ထွန်းသို့ ဆက်သွယ်မေးမြန်းရာတွင် စွပ်စွဲခံရသူ ကျောင်းဆရာနှင့် ဆွေးနွေးရန် ရှိသည်ဟု ပြန်လည်ဖြေ ကြားသည်။ စွပ်စွဲခံရသူ ကျောင်းဆရာကမူ အဆိုပါကိစ္စနှင့်ပတ်သက်၍ ငြင်းဆိုထားသည်။

ရေခဲ (ပြည်)
Mizzima - News in Burmese 

မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပါးရိုက်


ရန်ကုန်-မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခရီးစဉ်တွင် သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးကို ပါးရိုက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သပိတ်ကျင်းမြို့ နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

စက်တင်ဘာ ၂၆ ရက်က သပိတ်ကျင်းမြို့နယ် ၀က်သေရွာနှင့် ဖက်ရွှေရွာတွင်ဖြစ်ပွားနေသော မြေယာ အငြင်းပွားမှုပြဿနာအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ညွှန်ကြားရေးမှူး ဦးကျော်မြင့်ဦးဆောင်ကာ လာရောက်စစ်ဆေးသည့် ခရီးစဉ် ကြို ဆိုရန်ပြင်ဆင်နေစဉ် ယင်းပြဿနာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“သတ်မှတ်ထားတဲ့နေရာကို အချိန်နည်းနည်းနောက်ကျပြီးမှရောက်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လူရှေ့ သူရှေ့မှာ ရိုက်တာပါ။ ကြီးတဲ့သူတစ်ယောက်ကို ငယ်တဲ့သူက (အသက်အရွယ်) ရာထူး အရှိန်အ၀ါကြောင့် ပါးရိုက်တယ်ဆိုတာလူကြားလို့တောင် မကောင်း ပါဘူး”ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ ၀က်သေရွာသား တစ်ဦးက ပြောသည်။

စက်တင်ဘာ ၂၆ ရက်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခရီးစဉ်ကို ကြိုဆိုရန်သတ်မှတ် ထားသည့်နေရာအား သပိတ်ကျင်းမြို့နယ် ဘုံဇုံးကျေးရွာ အုပ်ချုပ်ရေးမှူးဦးမြင့်မှာ ဆယ်မိနစ်ခန့် နောက်ကျ မှ ရောက်ရှိလာခဲ့ခြင်းကြောင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင်က ပါးရိုက်ခဲ့ခြင်းဖြစ်သည် ဟုလာရောက် တိုင်ကြားထားကြောင်း သပိတ်ကျင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

“ဆေးရုံကစစ်ဆေးချက်အရ သာမန်ဒဏ်ရာလို့ ဆေးစာထုတ် ပြန်တဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးကို ချက်ချင်းအရေးယူလို့ မရသေးပါဘူး။ တရားလို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဘက်က ရပ်တည်ပြီး အမှုကို တရားရုံးကို လွှဲပြောင်းပေးသွားမှာပါ”ဟု အဆိုပါ ရဲအရာရှိကပြောသည်။

ယင်းဖြစ်စဉ်ကို ခရိုင်အဆင့် အထက်အရာရှိများထံသို့ သတင်း ပေးပို့ထားပြီး ပြစ်မှုပုဒ်မ ၃၂၃ ဖြင့် အမှု ဖွင့်ကာ တရားရုံးသို့ လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

သပိတ်ကျင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ အဆိုပါဖြစ်စဉ် နှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာ မပေးလိုကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

Myanmar  Online News

မွန်လူမျိုး သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည် မှားယွင်းမှု ၈၀ ရာခိုင်နှုန်းခန့် ဖြစ်နေသည်ဟုဆို



ရန်ကုန်တွင် မွန်လူမျိုး သန်းခေါင်စာရင်းကောက်ယူမှုကို ဆောင်ရွက်နေရာ လူမျိုးအမည် မှားယွင်းမှုများ

တွေ့ရသည်မှာ စာရင်းကောက်သည့် လူဦးရေ၏၈၀ ရာခိုင်နှုန်းခန့် ဖြစ်နေသည်ဟု မွန်လူမျိုးလူဦးရေ စာရင်းကောက်ယူရေးစီမံချက် ဦးဆောင်ကော်မတီအဖွဲ့ဝင် မိခင်လေးမြင့်က စက်တင်ဘာ ၂၆ ရက်တွင် ပြောသည်။

မွန်လူမျိုး သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည် မှားယွင်းမှု ၅၀ ရာခိုင် နှုန်းခန့်ရှိမည်ဟု ခန့်မှန်းသော်လည်း လက်တွေ့ကောက်ယူရာတွင် ၈၀ ရာခိုင်နှုန်းခန့် လွဲမှားနေခြင်းဖြစ်သည်ဟု ၎င်းင်းက ပြောခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် မွန်လူမျိုးလူဦးရေစာရင်း ကောက်ယူ ရေးစီမံချက်ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်လူမျိုး လွှတ်တော်အမတ်ပေါ်ထွက် လာစေရန် ဖြစ်သည်။ ယင်းအပြင် ရန်ကုန်တိုင်းဒေသ
ကြီးအတွင်းရှိ မွန်လူဦးရေသည် တစ်နိုင်ငံလုံး လူဦးရေ၏ ၀.၀၁ရာခိုင်နှုန်းထက် ကျော်လွန်ကြောင်း တင်ပြနိုင်ရန်အတွက်လည်း ကွင်းဆင်းစာရင်း ကောက်ယူခြင်းဖြစ်သည် ။
မိခင်လေးမြင့်က “သန်းခေါင်စာရင်း မှားနေတဲ့ မွန်တွေက မွန်လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းပဲ သန်းခေါင်စာရင်းမှာ လူမျိုး အမည်မှားနေမယ်ပေါ့။ အခုတကယ်တမ်းကောက် ကြည့်တော့မှ ၈၀ရာခိုင်နှုန်းလောက်က မှားနေမှန်းသိရတယ်” ဟု ပြောသည်။

မွန်လူမျိုးလူဦးရေ စာရင်းကောက်ယူရေး စီမံချက်အား ဇူလိုင်လ ပထမပတ်တွင် စတင်ခဲ့ပြီး ဒီဇင်ဘာလတွင် အပြီးသတ်မည်ဖြစ်ကာ ရန်ကုန်မြို့တွင် ခန့်မှန်းအားဖြင့် မွန်လူဦးရေ တစ်သိန်းခွဲခန့် ရှိမည်ဟုလည်း ၎င်းက ဆိုသည်။

ယခင်က မွန်လူမျိုးများသည် သန်းခေါင်စာရင်းတွင် ဗမာလူမျိုးဟု မှားယွင်းဖော်ပြခြင်းခံရသည်ဟု စစ်တမ်းများ အရ တွေ့ရှိ ရသော်လည်း သန်းခေါင်စာရင်း ကောက်ယူချိန်တွင် မွန်လူမျိုးများအား ကရင်လူမျိုးဟု မှားယွင်း
ဖော်ပြထားသည်များလည်း တွေ့ရှိ နေရသည်ဟု မွန်လူမျိုးလူဦးရေစာရင်းကောက်ယူရေးစီမံချက် ဦးဆောင်ကော်မတီ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးနိုင်မင်းသောင်းသျှင်က ပြောသည်။

လူမျိုး လူဦးရေစာရင်းကောက်ယူရေး စီမံချက်အရ စမ်းသပ်ကောက်ယူသော မွန်အိမ်ထောင်စု ၃၀ ၌ ၁၀ စုသာ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းတွင် မွန်လူမျိုးဟု စာရင်းအမှန်တွေ့ရှိရသည်ဟု မွန်လူမျိုး လူဦးရေ စာရင်းကောက် ယူရေး စီမံချက်၏ ဦးဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် နိုင်ခင်မောင်မောင်က ဇူလိုင်လအတွင်းက ပြောခဲ့သည်။

ရန်ကုန်တိုင်းအတွင်းရှိ မွန်လူဦးရေ စာရင်းကောက်ယူရာတွင် ပါဝင်မည့် ၀န်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို သြဂုတ်လ အတွင်းက လူဦးရေစာရင်းကောက်ယူရာတွင် ကျွမ်းကျင်သည့် ဆရာမ တစ်ဦးခေါ်ယူကာ နှစ်ရက်သင်တန်းပေးခဲ့သေး သည်ဟု လည်း စီမံချက်စီမံခန့်ခွဲမှုဒါရိုက်တာ ဦးမင်းစိုးအောင်က ပြောသည်။

မွန်လူမျိုး လူဦးရေစာရင်း ကောက်ယူရာတွင် အဆင်ပြေစေရန်အတွက် မြို့နယ်များတွင် စေတနာ့ဝန်ထမ်းများ ထားရှိကာ ခန့်အပ်ထားသည့် ၀န်ထမ်းများနှင့် ချိတ်ဆက် ဆောင်ရွက်သွားခြင်း ဖြစ်သည်။

Mizzima - News in Burmese

တောင်ဥက္ကလာ ဆိပ်ငြိမ်ရပ်ကွက် တစ်ခုတွင် လူငယ်တချို့ မဖွယ်မရာပြသ သောင်းကျန်းနေ


ရန်ကုန် မြို့ တောင်ဥက္ကလာပမြို့နယ် ရှိ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုဖြစ်သော ၁၄/၃ ရပ်ကွက်တွင် နေထိုင် သည့် အမျိုးသမီးငယ်တချို့မှာ လူငယ် တစ်စု၏ မဖွယ်မရာများကိုပြပြီး ကာယိအိနြေ္ဒကို ထိပါးစေသောအ ပြုအမှုများကို မကြာခဏကြုံတွေ့ နေရကြောင်း အဆိုပါရပ်ကွက် နေ အမျိုးသမီးများ၏ ပြောပြချက် အရသိ ရသည်။ တောင်ဥက္ကလာပမြို့နယ် ၁၄/၃ ရပ်ကွက်သည် လူခြေတိတ် ဆိတ်သည့် ရပ်ကွက်ဖြစ်သည်ကို အ ခွင့်ကောင်းယူကာ ယင်း အမျိုး သားလူငယ်တစ်စုသည် မိန်းကလေးအများစု ဖွင့်လှစ်နေသည့် အ လှပြင် ဆိုင်၊ အပ်ချုပ်ဆိုင်များရှေ့ တွင် ယင်းတို့ လိင်အင်္ဂါများကို မဖွယ်မရာပြသပြီး အနှောင့်အယှက်ပေးနေကြ ကြောင်း နှောင့် ယှက်ခြင်းခံရသူ ရပ်ကွက်နေ အမျိုး သမီးများ က ဆိုသည်။

၁၄/၃ ရပ်ကွက်နေ စကား ဖြူလမ်းအတွင်းရှိ အလှပြင်ဆိုင် တစ်ခုမှ အမျိုးသမီးတစ်ဦးက''ကောင် လေးတွေ စက်ဘီးနဲ့ အိမ်ရှေ့ကို လာပြီး ဒီလိုမဖွယ်မရာ လာလုပ် ကြတာ၊ အခုဆို လေးခွတောင် ဆောင်ထားရတယ်။ သူတို့လာရင် ပစ်ဖို့၊ အသက်ကလဲ အရမ်းမကြီး ဘူး၊ ၂၀ ပတ်ဝန်းကျင်လောက်ပဲ။ လူရှင်းတဲ့ မွန်းလွဲ ၁ နာရီ ဝန်း ကျင်လောက် လာကြတာ။ မိန်း ကလေးရှိတဲ့ အိမ်တိုင်းကိုလုပ်တယ်။ သူတို့အကြောင်းကို ဒီတစ်ရပ် ကွက်လုံးသိတယ်''ဟု ပြောသည်။

ယင်းက ''ရပ်ကွက်ထဲမှာ အိမ်တော်တော်များများက ခြံတံ ခါးတွေ ပိတ်ထားကြတာများတယ်။ ကျွန်မတို့က ဆိုင်ဆိုတော့ တံခါး ဖွင့်ထားရတယ်။ လမ်းပေါ်ဘယ် သူဖြတ်ဖြတ် လှမ်းကြည့်ရတာ။ သူ့ကိုကြည့်သလို ဖြစ်သွားတာ ပေါ့၊ အဲ့ဒါ လိုက်ဖမ်း ရင် ပြေးတာ ပဲ''ဟု ပြောသည်။ ယင်းလူငယ်များကို ရပ်ကွက် အတွင်း နှိမ်းနင်းမည့်သူများ မရှိ ကြောင်း၊ ဖမ်းမိသူတချို့ရှိကြောင်း ရပ်ကွက်လူကြီးများကို မိန်းကလေး ငယ်များမှ တိုင်ကြားထားကြောင်း နှင့် ယခုနှစ်ဧပြီလတွင် စတင်ကြုံ တွေ့ကြရခြင်းဖြစ်ကြောင်း ယင်း ရပ်ကွက်နေ အမျိုးသမီးများက ဆိုသည်။

ရပ်ကွက်အတွင်းရှိ ပွင့်ဦးစံ အပ်ချုပ်ဆိုင်မှ အမျိုးသမီးတစ်ဦး က ''အစ်မတို့လဲ ဒီလိုကြုံရတယ်၊ အစ်မတို့က မိန်းကလေးတွေဆို တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး၊ အကုန်လုံးက မိန်းကလေး တွေဆိုတော့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်တာပေါ့၊ တစ်ခါတစ် ခါလာတဲ့သူက မတူတော့ ရုပ်ရည် လဲသေချာမမှတ်မိဘူး။ မိန်းကလေး တွေ အများစုဝင်ထွက်နေတဲ့ နေရာ မို့လို ဒီလိုလုပ်တာဖြစ်မယ်''ဟု ပြောသည်။

ယင်းနှင့်ပတ်သက်ပြီးတောင် ဥက္ကလာပ မြို့နယ်ရဲစခန်းကို ရန်ကုန် တိုင်းမ်သတင်းစာက ဆက်သွယ် မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက ''ဒါနဲ့ပတ်သက်ပြီး တိုင်းကြားထား တာတွေတော့ ယနေ့ထိမရှိသေး ပါဘူး။ ရပ်ကွက်တာဝန်ရှိသူကလဲ လာရောက် အကြောင်းကြားထားတာ မရှိသေးပါဘူး။ အခုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး နယ်ထိန်းတွေ နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ကို အဲဒီနေရာတွေကိုသေချာ စောင့် ကြည့်ဖို့ တာဝန်ပေးလိုက်ပါပြီ''ဟုပြောသည်။

Credit to - ဟာဂျူလီ ကသာ

Classic Burma News 

အခြေခံဥပဒေအသစ် ပြန်လည် ရေးဆွဲရေးထက် ပြင်ဆင်ရေးသာ လက်တွေ့ကျဟု KNU ပြောကြား


အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမှုများ စတင်လျက်ရှိသော ကရင်အမျိုးသား အစည်းအရုံး (KNU) သည် လက် နက်ကိုင် တပ်ဖွဲ့များနှင့် နိုင်ငံရေးပါတီ အချို့က တောင်းဆိုနေသော အခြေခံဥပဒေအသစ် ပြန်လည် ရေးဆွဲ မှုကို သဘောမတူဘဲ အခြေခံဥပဒေ ပြင်ဆင်ရေး နည်းလမ်းသည်သာ လက်တွေ့ကျသော နိုင်ငံရေး ဖြေ ရှင်းမှုဟု ယုံကြည်ကြောင်း KNU အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကိုအသစ် ပြန်လည် ရေးဆွဲခြင်း ထက် ပြင်ဆင်ရေးဆွဲခြင်းသည် အစိုးရက ဖွင့်ပေး ထားသော လမ်းကြောင်းအတိုင်း သွားခြင်း ဖြစ်သောကြောင့် ပိုမိုထိရောက်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲပါက အစိုးရနှင့်ထိပ်တိုက် ရင်ဆိုင်ရမည် ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အစိုးရကို ထိပ်တိုက်ရင်ဆိုင်တာထက် ပူးပေါင်းတာက ပိုကောင်းပါတယ်။ သမိုင်းကြောင်းတွေလည်း အ များကြီး ရှိပါတယ်” ဟု ၎င်းကဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ ပါဝင်သော ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင် စီ UNFC နှင့် UNA တို့ ပူးပေါင်းပြီး အခြေခံဥပဒေအသစ်ကို သြဂုတ်လအတွင်းက စတင် ရေးဆွဲခဲ့ပြီး ၂၀၁၄ တွင် ကျင်းပမည်ဖြစ်သော တိုင်းရင်းသား ညီလာခံတွင် အစိုးရထံ တင်သွင်းမည် ဖြစ်ကြောင်း UNFC မှ ထုတ်ပြန် ကြေညာထားသည်။

အခြေခံဥပဒေကို အသစ်ပြန်လည် ရေးဆွဲပါက တိုင်းပြည် နောက်ကြောင်းပြန်လှည့် သွားနိုင်သောကြောင့် ပြင်ဆင် ရေးဆွဲခြင်းကိုသာ ဦးစားပေးသင့်ကြောင်း ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက စက်တင်ဘာလအတွင်း အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မ တီကို ဖွဲ့စည်းခဲ့ပြီး တိုင်းရင်သားပါတီများနှင့် တွေ့ဆုံကာ အခြေခံဥပဒေ ပြင်ဆင်ရေး အချက်များကို ယခုလအတွင်း ထုတ်ပြန်မည် ဖြစ်ကြောင်း အဆိုပါ ပါတီ၏ ထုတ်ပြန် ချက်များအရ သိရသည်။

တောင်ကြီးမြို့တွင် သုံးရက်တိုင် ကျင်းပသော ရှမ်း၊ ကယား၊ မွန်တိုင်းရင်းသား ညီလာခံမှ အခြေခံဥပဒေ ပြင် ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေး အပါအဝင် ကြေညာချက် ငါးချက်ကို စက်တင်ဘာ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ကရင်အမျိုးသား အစည်းအရုံး KNU ကို ၁၉၄၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကာ နှစ်ပေါင်း ၆၀ ကျော် စစ်အစိုး ရကို လက်နက်ကိုင် တော်လှန်ခဲ့ကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

(ဟိန်းသွင်ထက်)
The Voice Weekly